ရင်သားကင်ဆာ အဆင့်၎ဆင့်ထဲက အစောဆုံးအဆင့်ဆိုရင် ခွဲစိတ်ကုသလို့ ပျောက်ကင်းနိုင်ပေမယ့် နောက်ကျခဲ့ရင်တော့ ဓာတ်ကင်ဖို့နဲ့ ကင်ဆာဆေးသွင်းဖို့ လိုတာကြောင့် စောစောသိပြီး သေဆုံးမယ့်ဘေးက ကာကွယ်ဖို့ အခုလို အခမဲ့စမ်းသပ်မှုတွေ လုပ်ဆောင်နေတာပါလို့ သားဖွားမီးယပ်ဌာနမှူး ဒေါက်တာ ဒေါ်မြသီတာက ရှင်းပြပါတယ်။
ရောဂါရှိတာသိပေမယ့် ရှက်တာနဲ့ ခွဲစိတ်ရမှာကြောက်လို့ မြန်မာဆေးတွေနဲ့အုံပြီး အနာတွေပေါက်ထွက်လာမှ ရောက်တာတတ်တာကြောင့် နောက်မကျဘဲ ကုသဖို့လိုတယ်လို့ ဆရာမကြီးက ဆိုပါတယ်။ ရင်သားကင်ဆာ ဖြစ်ရတဲ့အကြောင်းရင်း အတိအကျ မပြောနိုင်ပေမယ့် ငယ်ရွယ်တဲ့ အမျိုးသမီးနဲ့ မိခင်နို့တိုက်ကျွေးတဲ့ အမျိုးသမီးတွေမှာ အဖြစ်နည်းပြီး ကလေးမမွေးဖူးသူနဲ့ ကလေးကို မိခင်နို့မတိုက်သူတွေမှာ အဖြစ်များတယ်လို့ ပြောပါတယ်။